အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေး လေ့လာအကဲဖြတ် ကွန်ယက် (Network on Education Quality Monitoring in the Asia-Pacific – NEQMAP) တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရ
၁။ အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေး လေ့လာအကဲဖြတ် ကွန်ယက် (Network on Education Quality Monitoring in the Asia-Pacific -NEQMAP) ကို ၂၀၁၃ ခုနှစ် မတ်လ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပါသည်။
၂။ ဤကွန်ယက်သည် ပညာအရည်အသွေး လေ့လာအကဲဖြတ်ရေး နှင့် ပတ်သက် ၍ အသိပညာ၊ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုများ ကို ဒေသတွင်း နိုင်ငံများ အချင်းချင်း နှီးနှော ဖလှယ် နိုင်မည့် စုဆုံရာ နေရာတစ်ခု အဖြစ် ရည်ရွယ်ပါသည်။