ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ “အမျိုးသားပညာရည် စစ်ဆေး အကဲဖြတ်ခြင်း လမ်းညွှန်ချက်များ” စာအုပ်၏ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံ နှင့် စည်းကမ်းချက်များကို (၃- ၇- ၂၀၂၀) ရက်နေ့တွင် စတင် ရောင်းချ ပါမည်။ အဆိုပါ အိတ်ဖွင့်တင်ဒါများကို (၂- ၈-၂၀၂၀) ရက်နေ့ ညနေ (၁၆ : ၀၀) နာရီ နောက်ဆုံးထား ၍ တင်သွင်းရမည် ဖြစ်ပါသည်။