မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအတွက် စက်ပစ္စည်းများဝယ်ယူရန် တင်ဒါခေါ်ယူခြင်း
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အသုံးပြုရန် အတွက် အောက်ဖော်ပြပါ ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
(က) Personal Computer with UPS
(ခ) Laser Printer (A4)
၂။ အိတ်ဖွင့်တင်ဒါပုံစံ နှင့် စည်းကမ်းချက်များကို ( ၁၂-၇-၂၀၁၉ )ရက်နေ့တွင် စတင် ရောင်းချမည် ဖြစ်ပြီး၊ အဆိုပါ အိတ်ဖွင့်တင်ဒါများကို ( ၂၅-၇-၂၀၁၉ ) ရက်နေ့ ညနေ (၁၆း၃၀) နာရီ နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ ရောင်းချမည့် လိပ်စာ နှင့် တင်သွင်းရမည့် လိပ်စာ မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂) နေပြည်တော် ဖြစ်ပါသည်။
၄။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၃၀၁၆၈ သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ