- Home
- Old Questions
- Announcements
- News
- Oversea
- ဦးစီးဌာနများ
- ပညာရေးသုတေသန၊စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန
- အခြေခံပညာဦးစီးဌာန
- မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန
- ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)
- နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
- စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
- သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)
- Ministry of Education (Science and Technology)
- About DME
- Exam Results
- Contact Us
အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေး လေ့လာအကဲဖြတ် ကွန်ယက် (Network on Education Quality Monitoring in the Asia-Pacific – NEQMAP) တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရ
၁။ အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေး လေ့လာအကဲဖြတ် ကွန်ယက် (Network on Education Quality Monitoring in the Asia-Pacific -NEQMAP) ကို ၂၀၁၃ ခုနှစ် မတ်လ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပါသည်။
၂။ ဤကွန်ယက်သည် ပညာအရည်အသွေး လေ့လာအကဲဖြတ်ရေး နှင့် ပတ်သက် ၍ အသိပညာ၊ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုများ ကို ဒေသတွင်း နိုင်ငံများ အချင်းချင်း နှီးနှော ဖလှယ် နိုင်မည့် စုဆုံရာ နေရာတစ်ခု အဖြစ် ရည်ရွယ်ပါသည်။
၃။ အာရှ−ပစိဖိတ်ဒေသ အတွင်းရှိ ကျောင်းသားများ၏ သင်ယူမှု ကို စစ်ဆေး အကဲဖြတ် နည်းစနစ်များ အသုံးပြု၍ သင်ယူမှု အရည်အသွေး တိုးတက်စေခြင်းဖြင့် ပညာရေးစနစ်ကို ခိုင်မာအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၄။ သင်ရိုးညွှန်းတန်း နှင့် သင်ကြားမှု နည်းစနစ်များ အပါအဝင် စာသင်ခန်းတွင်း လေ့လာ သင်ယူမှုကို တိုးတက်စေသည့် အထောက်အပံ့များ အချင်းချင်း ကောင်းမွန်စွာ ချိတ်ဆက် နိုင်ရေး အတွက် ဂရုပြု ဆောင်ရွက်မည် ဖြစ်ပါသည်။
၅။ ယူနက်စကို အာရှ−ပစိဖိတ် ဆိုင်ရာ ပညာရေးအဖွဲ့ရုံး(ယူနက်စကို−ဘန်ကောက်) သည် NEQMAP အတွင်းဝန်ရုံးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေး နေပါသည်။
၆။ NEQMAP အနေဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Capacity Building) သုတေသန (Research) နှင့် အသိပညာ ဖလှယ်ခြင်း (Knowledge Sharing) ဟူသော အဓိကလုပ်ငန်းစဉ် (၃) ရပ် ချမှတ်ထားပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။
၇။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို အာရှ-ပစိဖိတ် ဒေသ ပညာအရည်အသွေး လေ့လာအကဲဖြတ် ကွန်ယက် အဖွဲ့ဝင်အဖြစ် ၂၀၁၇ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
