အမှတ်စာရင်း ဆက်လက်ထုတ်ပေးမည့် အစီအစဉ်ကြေညာခြင်း
၁။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် ရက်သတ်မှတ်၍ ထုတ်ပေးလျက်ရှိရာ ၁၃-၈-၂၀၂၅ ရက်နေ့နှင့် ၁၄-၈-၂၀၂၅ ရက်နေ့များတွင် ထုတ်ပေး မည့် ပြည်နယ်/တိုင်းဒေသကြီးများစာရင်းကို ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ ဆက်လက်၍ အောက်ပါအတိုင်း တိုင်းဒေသကြီးအလိုက် သတ်မှတ်ရက်များတွင် နံနက် (၉း၃၀) နာရီမှ နေ့လယ် (၁၄း၀၀)နာရီအထိ အမှတ်စာရင်းများ ထုတ်ပေးသွားပါမည် -
| 
 (က)  | 
 ၁၅-၈-၂၀၂၅ (သောကြာနေ့)  | 
 ၁၄-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့် ဧရာဝတီတိုင်းဒေသကြီး  | 
| 
 (ခ)  | 
 ၁၈-၈-၂၀၂၅ (တနင်္လာနေ့)  | 
 ၁၅-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့် နေပြည်တော်ကောင်စီနယ်မြေ  | 
| 
 (ဂ)  | 
 ၁၉-၈-၂၀၂၅ (အင်္ဂါနေ့)  | 
 ၁၈-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့် မန္တလေးတိုင်းဒေသကြီး  | 
| 
 (ဃ)  | 
 ၂၀-၈-၂၀၂၅ (ဗုဒ္ဓဟူးနေ့)  | 
 ၁၉-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့် ရန်ကုန်တိုင်းဒေသကြီး  | 
၃။ အမှတ်စာရင်းများ ထုတ်ပေးရာတွင် နေပြည်တော်ရုံးချုပ်တွင် ကောင်တာ (၄)ခု၊ ရန်ကုန်ရုံးခွဲတွင် ကောင်တာ (၁၀)ခု ဖွင့်လှစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ် ထုတ်ပေးပါ မည်။
၄။ ထိုသို့ထုတ်ပေးရာတွင် တိုကင်စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ကနဦးတွင် တိုကင်(၅၀)ခု ထုတ်ပေး ဆောင်ရွက်သွားပါမည်။ အမှတ်စာရင်း လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုအပေါ် မူတည်၍ တိုးမြှင့်ဆောင်ရွက် ပေးသွားပါမည်။
၅။ အမှတ်စာရင်းထုတ်ပေးရာတွင် တစ်ဦးလျှင် အများဆုံး (၃)စောင်အထိ လက်ခံ ဆောင်ရွက်ပေးပါ မည်။
၆။ တိုကင်ထုတ်ယူရန်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား/ ယာဉ်မောင်းလိုင်စင်/ ကျောင်းသား ကတ်/အခြားအထောက်အထားကတ်(ID) တစ်ခုခု ယူဆောင်လာရပါမည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန