သတင်းတု၊ သတင်းမှားများကို သတိပြုရန် နှိုးဆော်ခြင်း
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်မည့်ရက် မကြေညာသေးပါ။ ယခင်နှစ်များနည်းတူ အောင်စာရင်းလုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်းကြေညာရန်အသင့်ဖြစ်သည့် အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဤ Website (www.myanmarexam.org) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Facebook Page (www.facebook.com/dme.gov.mm) တို့မှတစ်ဆင့် တရားဝင် အချိန်မီ အသိပေးကြေညာပါမည်။ ထိုသို့ တရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုပါ။
ယခင်နှစ်က ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ်ပြုလုပ်၍ သတင်းမှားများထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် နှိုးဆော်အပ်ပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဝန်ဆောင်မှုများ၊ လုပ်ငန်းများနှင့် ပတ်သက်သည့် တရားဝင် ကြေညာချက်များ၊ ထုတ်ပြန်ချက်များကို အများပြည်သူထံသို့ www.facebook.com/dme.gov.mm မှတစ်ဆင့်လည်း တင်ပြသွားမည် ဖြစ်သောကြောင့် Like & Follow ပြုလုပ်ထားနိုင်ပါသည်။