မြန်မာနိုင်ငံစာစစ်ဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။                     ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အသုံးပြုရန်အတွက် တိုင်ကပ်နာရီ (၁၅၀၀၀) လုံး ကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။                     တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ်(၁)ဦးသာ COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ အကာအကွယ် (Mask နှင့် Face Shield) များ ဝတ်ဆင်၍ လာရောက် ဝယ်ယူပေးပါရန် မေတ္တာရပ်ခံပါသည်။

တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်                 -           ရုံးဖွင့်ရက် (၁-၆-၂၀၂၀) မှ (၁၅-၆-၂၀၂၁)ထိ

တင်ဒါပုံစံ တင်သွင်းရမည့်ရက်                      -           ရုံးဖွင့်ရက် (၁-၆-၂၀၂၀) မှ (၁၅-၆-၂၀၂၁)ထိ

တင်ဒါပုံစံ ရောင်းချမည့်အချိန်                       -           ရုံးဖွင့်ရက် (၁၀:၀၀) နာရီမှ (၁၆:၀၀) နာရီထိ

တင်ဒါပုံစံ ရောင်းချမည့်နေရာ                       -           မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ ရှေ့အဝင်ဂိတ်

၃။                     တင်ဒါပုံစံများကို အောက်ပါ link တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၃၀၁၆၈ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

(က) တင်ဒါပုံစံ ဝယ်ယူခြင်း

(ခ) အိပ်ဖွင့်‌ဈေးနှုန်းလွှာ တင်သွင်းသူများ လိုက်နာရန် စည်းကမ်းချက်များ

(ဂ) အိပ်ဖွင့်တင်ဒါ တင်သွင်းလွှာ

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ‌‌

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

ရုံးအမှတ်(၅၂)၊