၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အသုံးပြုရန်အတွက် ရုံးသုံးစက်ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ်(၁)ဦးသာ COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ အကာအကွယ် (Mask နှင့် Face Shield) များ ဝတ်ဆင်၍ လာရောက် ဝယ်ယူပေးပါရန် မေတ္တာရပ်ခံပါသည်။
တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ရုံးဖွင့်ရက် (၂၈-၁၂-၂၀၂၀) မှ (၂၇-၁-၂၀၂၁)ထိ
တင်ဒါပုံစံတင်သွင်းရမည့်ရက် - ရုံးဖွင့်ရက် (၂၈-၁၂-၂၀၂၀) မှ (၂၇-၁-၂၀၂၁)ထိ
တင်ဒါပုံစံရောင်းချမည့်အချိန် - ရုံးဖွင့်ရက် (၁၀:၀၀) နာရီမှ (၁၆:၀၀) နာရီထိ
တင်ဒါပုံစံရောင်းချမည့်နေရာ - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ ရှေ့အဝင်ဂိတ်
၃။ တင်ဒါပုံစံများကို အောက်ပါ link တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၃၄၃၀၁၆၈ သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။
(ခ) အိပ်ဖွင့်ဈေးနှုန်းလွှာ တင်သွင်းသူများ လိုက်နာရန် စည်းကမ်းချက်များ
(ဂ) အိပ်ဖွင့်တင်ဒါ တင်သွင်းလွှာ
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ရုံးအမှတ်(၅၂)၊ နေပြည်တော်