မူဝါဒ (Policy)

မူဝါဒ (Policy)

(က) အမျိုးသားပညာရည် မြင့်မားရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အပြည့်အဝ အောင်မြင်စေရန်အတွက် တက္ကသိုလ် ဝင် စာမေးပွဲလုပ်ငန်းများကို အဆင်မြင့်ပညာ ဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပဆောင်ရွက်ရေး။
(ခ) တိုင်းဒေသကြီး၊ပြည်နယ်အဆင့် အခြေခံပညာအလယ်တန်း သင်ယူ ပြီးမြောက်မှု စာမေးပွဲ နှင့် ခရိုင်အဆင့် အခြေခံပညာ မူလတန်း သင်ယူပြီးမြောက်မှု စာမေးပွဲ တို့ကို အရည်အသွေး ပြည့်ဝပြီး၊ တရား မျှတ၊ စည်းကမ်းတကျ ရှိစေရေးအတွက် အခြေခံပညာဦးစီးဌာန နှင့် ပေါင်းစပ်၍ စီစဉ် ဆောင်ရွက်ရေး။
(ဂ) စာမေးပွဲလုပ်ငန်းများတွင် ခေတ်မီ သတင်းနှင့် အချက်အလက် နည်း ပညာများကို အပြည့်အဝ အသုံးချပြီး လုပ်ငန်း ဆောင်တာများ လွယ်ကူ လျှင်မြန် တိကျစွာ ဆောင်ရွက်နိုင်ရေး။