ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၇ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာဆွေးနွေးပွဲ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၇၊ ၁၂၊ ၂၀၁၉ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအား မတ်လ(၁၁) ရက်နေ့မှ(၂၀) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူဦးရေ(၈)သိန်းခွဲခန့်သာရှိသော်လည်း ယခုနှစ်တွင်ဖြေဆိုရန် (၉၇၀၇၅၉)ဦး စာရင်းပေးသွင်းထားသဖြင့် ဖြေဆိုသူအရေအတွက်ဦးရေ (၁၂၀ဝ၀ဝ)ခန့်ပိုများလာပါကြောင်း၊ စာစစ် ဌာနများကိုလည်း (၁၁၃)ခုပိုမိုတိုးချဲ့ဆောင်ရွက်ပေးထားပြီး တစ်နိုင်ငံလုံးအနေဖြင့် စာစစ်ဌာန စုစုပေါင်း (၁၉၉၀) ခုအထိ ရှိလာပါကြောင်း၊ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်း လုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်ရေးတို့အတွက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စာဖြေသူစာရင်းပြုစုခြင်းကာလတွင် ဆောင်ရွက် ရန်လုပ်ငန်းများ၊ စာစစ်ဌာနများလျာထားစီစဉ်ခြင်း၊ စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးသည့်ကာလ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ တက္ကသိုလ်ဝင်စာမေးပွဲစာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ အသေးသုံး၊ကြီးကြပ်ခချီးမြှင့်ငွေ ထုတ်ပေးခြင်းဆိုင်ရာ အချက်များ ပါဝင်သည့် လုပ်ငန်းလက်စွဲစာအုပ်ကို ထုတ်ဝေပေးထားပါကြောင်း၊ လုပ်ငန်းလက်စွဲနှင့်အညီ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ကြရန်နှင့်တစ်ဦးနှင့်တစ်ဦးဖေးမ ကူညီဆောင်ရွက်ကြရန်လိုပါကြောင်း။ ယခုနှစ်တွင် အခြေခံပညာ ကျောင်းများ၌ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကျောင်းသားကျောင်းသူ များအား အခြေခံပညာအထက်တန်းအဆင့်သင်ယူပြီးမြောက်ကြောင်းလက်မှတ်များကိုလည်း ပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြုဆောင်ရွက်မည့်သူများအား ဘက်မလိုက်ဘဲ မျှတစွာတာဝန် ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲ ပြောင်း၊လက်ခံမှတ်တမ်းဖြင့်သက်ဆိုင်ရာသို့ လက်ဆင့်ကမ်းအပ်နှံဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမအရေအတွက်ဖြင့် တာဝန်ပေးအပ် ရန်လိုပါ ကြောင်း၊ စာမေးပွဲဖြေဆိုမည့်ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲခန်းကြီးကြပ်မည့်ဆရာဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိ အကောင်းဆုံးပံ့ပိုးဖြည့်ဆည်းဆောင် ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့်အခက်အခဲများကို မိသားစုစိတ် ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦးကူညီဖြေရှင်းပေးကြရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးရန်လိုပါကြောင်း၊ အရည်အသွေးရှိသောနိုင်ငံသားကောင်းများ မွေး ထုတ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အရည်အသွေးရှိစွာအောင်မြင်နိုင်ရေး အရေးကြီးပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက် အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား စာစစ်တာဝန် ပေးခြင်းမပြုရန်လိုပါကြောင်း၊ ယခုဆွေးနွေးပွဲသင်တန်းတွင် လုပ်ငန်းအတွေ့အကြုံများဖလှယ်၍ တစ်ဦးနှင့်တစ်ဦး လုပ်ငန်းဆိုင်ရာ အကြောင်းအရာများသိရှိနားလည်ရေး၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုင်ရာ လုပ်ငန်းများအဆင်ပြေ ချော မွေ့ရေးအတွက် ဆွေးနွေးကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွှန့် နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချ ကြသည်။ အဆိုပါ ဆွေးနွေးပွဲသင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်၊ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ရှမ်း(မြောက်) တိုင်းဒေသကြီးပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း (၆၈၁) ဦး တက်ရောက်ကြ ကြောင်းသတင်းရရှိသည်။ (ပညာရေးဝန်ကြီးဌာန)