ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။                     ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အသုံးပြုရန် အတွက် အောက်ဖော်ပြပါ ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

                        (က)      27”x34” (70-gsm) ရွက်ရေ ( ၅၀၀ ) ပါ (နိုင်ငံခြားစက္ကူဖြူ)   ( ၁၃,၀၀၀ ) ထုပ်

                        (ခ)       24”x34” (70-gsm) ရွက်ရေ ( ၅၀၀ ) ပါ (နိုင်ငံခြားစက္ကူဖြူ)     ( ၁,၀၀၀ ) ထုပ်

၂။                     အိတ်ဖွင့်တင်ဒါပုံစံ နှင့် စည်းကမ်းချက်များကို ( ၈-၈-၂၀၁၈ ) ရက်နေ့တွင် စတင် ရောင်းချမည် ဖြစ်ပြီး၊ အဆိုပါ အိတ်ဖွင့်တင်ဒါများကို ( ၇-၉-၂၀၁၈ ) ရက်နေ့ နံနက် ( ၉း၃၀ ) နာရီ အရောက်အိတ်ဖွင့်တင်ဒါ စာအိတ်နှင့်အတူ နမူနာစက္ကူထုပ်(၂)ထုပ်ကို ယူဆောင်လာ၍ တင်သွင်းရမည် ဖြစ်ပါသည်။

၃။                     အိတ်ဖွင့်တင်ဒါပုံစံ ရောင်းချမည့် လိပ်စာ နှင့် တင်သွင်းရမည့် လိပ်စာ မှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ် ( ၅၂ ) နေပြည်တော် ဖြစ်ပါသည်။

၄။                     အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ( ၀၆၇-၃၄၃၀ ၁၆၈ ) သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန။