၂၀၁၈ - ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၂ - ၆ - ၂၀၁၈) ရက် ၊ စနေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည်

၁။ ၂၀၁၈ - ခုနှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ကို (၂ - ၆ - ၂၀၁၈) ရက် ၊ စနေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။ ၂။ အဆိုပါအောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ပါသည်။ ၃။ ထို့အပြင် - အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ - ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ - ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ - လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ - ဒဂုံမြို့နယ် ၊ အမှတ် ( ၂ ) အခြေခံပညာ အထက်တန်းကျောင်း နှင့် - သင်္ကန်းကျွန်းမြို့နယ် ၊ အမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်း တို့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကို ကပ်ထားပေးမည်ဖြစ်ပါသည်။ ၄။ တိုင်းဒေသကြီး / ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း ၊ ခရိုင်အလိုက်သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူး ရုံးများတွင် လည်းကောင်း ၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် လည်းကောင်း (၂ -၆-၂၀၁၈) ရက်နေ့ နံနက်(၆)နာရီ နောက်ပိုင်းတွင်စုံစမ်းမေးမြန်းနိုင်ပါသည်။ ၅။ အောင်စာရင်း ထုတ်ပြန်မည့် ( ၂ - ၆ - ၂၀၁၈ ) ရက်နေ နံနက်( ၆ ) နာရီ တွင် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက် ကြည့်ရှု နိုင်ရန် စီစဉ် ထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ (မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)